လျှပ်စစ်သုံး လုပ်ငန်းသုံးယာဉ်များ သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် OCTAGON INTERNATIONAL SERVICES CO.,LTD မှ BRAND NEW : WHEEL LOADER (BATTERY ELECTRIC MACHINERY), BRAND NAME : XCMG, MODEL NO- XC968-EV, BUCKET CAPACITY- 3.5 M3, VEHICLE GROSS WEIGHT- 19420 KG, MODEL : 2026၊ C/O : CHINA 1(U) နှင့် BRAND NEW : FORKLIFT (BATTERY ELECTRIC MACHINERY), BRAND NAME : XCMG, MODEL NO- XVB 50-QL8-G, MODEL : 2026၊ C/O : CHINA 1(U) တို့သည် ၂၃-၇-၂၀၂၆ ရက်နေ့၌ သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာကြပါသည်။ အဆိုပါ လျှပ်စစ်သုံးလုပ်ငန်းသုံးယာဉ် (၂)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၃၁-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီး စားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၀-၈-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထား ရှိပါကြောင်း သတင်းရရှိပါသည်။