လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) ၊သီလဝါဆိပ်ကမ်း (MITT) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် BONSON MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE၊ BRAND NAME:HUAIHAI၊ 2025 MDL၊ C/O: CHINA –(70) Uသည် ၁၀-၇-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE၊ BRAND NAME:YADEA၊ 2025 MDL၊ C/O: CHINA –(150) Uသည် ၁၅-၇-၂၀၂၅ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ AUNG KAN BO MOTORCYCLE INDUSTRIAL CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE၊ BRAND NAME:KENBO၊ 2025 MDL၊ C/O: CHINA –(634) Uသည် ၂၁-၇-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့လည်း ကောင်း၊ အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ် စစ်သုံးမော်တော်ဆိုင်ကယ် (၇၀) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁-၈-၂၀၂၅ ရက် နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၅၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၆၃၄) စီးသည် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ ၁-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ် ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့် ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁-၈-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။