အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် CHIN DWIN SHAN CONSTRUCTION CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: SAIC MAXUS MIFA 9၊ 2025 MDL၊ C/O: CHINA – (15)U သည် ၂၁-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊AUNG KAN BO MOTOR -CYCLE INDUSTRIAL CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: KENBO၊ 2025 MDL၊ C/O: CHINA– (328)U တို့သည် ၂၆-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ လည်းကောင်း၊ GOLDEN MANDALAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BYD ATTO3၊ 2025 MDL၊ C/O: CHINA – (7)U သည် ၂၈-၆-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-KM) သို့လည်းကောင်း ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၉-၉-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၃၂၈) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၁-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၇) စီးသည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (DRYPORT-KM) ၌ ၂၂-၇-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။