အကောက်ခွန်ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ အခြားဆေး နှင့် ဆေးပစ္စည်းများအား လေကြောင်း၊ ရေကြောင်း နှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၄-၈-၂၀၂၅ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ (၈) ခုမှ ADICEF TABLET (240) ခု၊ LUMITIN INJECTION (501)ခု၊ ADICEF TABLET(1440) ခု၊ ORGABA CAPSULE (1420)ခု၊ ORGALIP TABLET (3054) ခု၊ ဆေးဝါး နှင့် ဆေးပစ္စည်းမျိုးစုံ (၇) မျိုး၊ အရေ အတွက် (၆၆၅၅) ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးနှင့် ဆေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း (၁၄၅၉၇.၆၇) KG တို့အား ထုတ်ပေးခဲ့ပါသည်။