အကောက်ခွန်ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ အခြားဆေး နှင့် ဆေးပစ္စည်းများအား လေကြောင်း၊ ရေကြောင်း နှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၅-၈-၂၀၂၅ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ(၁၂) ခုမှ REPACE TABLET (12452) ခု၊ SYNDOPA TABLET (17661)ခု၊ AMGYDEX EYE OINTMENT (33000) ခု၊ BRYTIM EYE DROPS (27410) ခု၊ DOZYPRESS T EYE DROPS (10000) ခု၊ ဆေးဝါး နှင့် ဆေးပစ္စည်းမျိုးစုံ(၂၅) မျိုး၊ အရေအတွက် (၁၉၇၉၃၃) ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ ဆေးဝါးနှင့် ဆေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း (၁၆၂၇၇.၇၁) KG တို့အား ထုတ်ပေးခဲ့ ပါသည်။