
04/05/2017
ကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများ ID/ED Form များတွင် မှန်ကန်စွာ ဖြည့်သွင်းခြင်းမရှိပါက သတိပေးအရေးယူမည် 04/05/2017 ကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများ ID/ED Form များတွင် မှန်ကန်စွာ ဖြည့်သွင်းခြင်းမရှိပါက သတိပေးအရေးယူမည် ကုန်သွယ်မှုဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ID (Import Declaration)/ED(Export Declaration) Form များတွင် မှန်ကန်စွာ ဖြည့်သွင်းခြင်း မရှိပါက သက်ဆိုင်ရာမှ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။ ဇန်နဝါရီ ၁၀ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးတွင် အဆိုပါကိစ္စအား ထည့်သွင်းဆွေးနွေး သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးတွင် Trading ကုမ္ပဏီများအနေဖြင့် ID/ED Form များတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းခြင်းမရှိပါက ပထမအကြိမ်တွင် ကုမ္ပဏီ၊ အေးဂျင့်များကို သတိပေးရန်နှင့် ဆက်လက်၍ ပျက်ကွက်ပါက အရေးယူဆောင်ရွက်ရန်ကိစ္စ၊ ၎င်းကိစ္စနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနက ကုမ္ပဏီများ၊ အေးဂျင့်များကို ရှင်းလင်းဆွေးနွေး အသိပေးထားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် In cash, In Kind ရင်းနှီးမြှုပ်နှံမှုပုံစံများကို နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီစေရန်နှင့် နစ်နာမှုမရှိစေရန် နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တို့ဖြင့် ဆောင်ရွက်နိုင်ရေး သုံးသပ်ရန်ကိစ္စ၊ ဌာနအဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားချေးငွေရယူမှုများတွင် Short Term Loan (Hot Money) ရယူခြင်း မပြုသင့်ဘဲ Medium Term,Long Term ချေးငွေများသာ ရယူဆောင်ရွက်ရေး ကြီးကြပ်ကွပ်ကဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားရေးကိစ္စများကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးတွင် ကုမ္ပဏီများ၏ ပို့ကုန်ရငွေများ မှန်ကန်စွာ ဝင်ရောက်လာခြင်း ရှိ၊ မရှိ စိစစ်နိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပနှင့် ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ (နိုင်ငံခြား၊ ပြည်တွင်း) စာရင်းများကို စိစစ်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် မော်တော်ကား အရောင်းပြခန်းများ၊ အရောင်းစင်တာများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်များပြေကျေစွာ ထမ်းဆောင်ခြင်းမရှိပါက သွင်းကုန် (Import) လိုင်စင်ထုတ်ပေးခြင်း မပြုရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် ပို့ကုန်ရငွေများ ခြောက်လအတွင်း ပြန်လည်ဝင်ရောက်မှု ရှိ၊ မရှိ စိစစ်မှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အကောက်ခွန်ဦးစီးဌာနတို့ ဆက်လက်၍ ချိတ်ဆက် ဆောင်ရွက်ရန်ကိစ္စ၊ နေ့စဉ် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ပေးသည့် စနစ်အား ယခုထက်ပိုမို ထိရောက်ကောင်းမွန်သည့်စနစ်ဖြင့် သတ်မှတ်နိုင်ရေး သုံးသပ်ဆောင်ရွက်ရန်ကိစ္စ၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြားငွေများ ပြန်လည်ဝင်ရောက်လာရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်ကိစ္စ၊ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ လျော့နည်းစေရေး ကြပ်မတ်ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင်လည်း သွင်းကုန်အပိုင်းတွင် ဇိမ်ခံပစ္စည်းများနှင့် အခြားမရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ တင်သွင်းမှုကို သုံးသပ်၍သာ စိစစ်ခွင့်ပြုသွားရန်ကိစ္စ၊ မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့်ကိစ္စ၊ Duty Free Shop နှင့် အလှကုန်ပစ္စည်းများ တင်သွင်းမှုကို သုံးသပ်၍ စိစစ်ခွင့်ပြုရန်ကိစ္စ၊ ပို့ကုန်အပိုင်းတွင် T/T စနစ်ဖြင့် ဆောင်ရွက်နေမှုအစား L/C စနစ် ကျင့်သုံးမှု တိုးမြင့်စေရေးဆောင်ရွက်ရန်ကိစ္စ၊ ဆက်သွယ်ရေးလိုင်စင်ရကုမ္ပဏီများ အနေဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်ပသို့ ငွေလွှဲဆောင်ရွက်နေမှုအပေါ် စိစစ်ရန်ကိစ္စ၊ Export ရငွေနှင့် Re-export ရငွေများ ပြန်လည်ဝင်ရောက်ခြင်း ရှိ၊ မရှိ စိစစ်ဆောင်ရွက်ရန်ကိစ္စ၊ ပို့ကုန်အပေါ် သင့်တင့်သည့် အခွန်နှုန်းထားများ ဖြေလျှော့ပေးရေးအတွက် သုံးသပ်ရန်ကိစ္စ၊ ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံရေးအတွက် သုံးသပ်ရန်ကိစ္စ၊ ပို့ကုန်ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် ဘဏ်စာရင်းများ မှန်ကန်စွာတင်ပြရေး၊ မှန်ကန်စွာတင်ပြခြင်း မရှိသည့် ကုမ္ပဏီများကို အရေးယူ ဆောင်ရွက်သွားရေးကိစ္စတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ Source; www.news-eleven.com/business/30692