အကောက်ခွန်ဦးစီးဌာန၏ (၉-၃-၂၀၁၇) မှ (၂၃-၃-၂၀၁၇) အတွင်းခန့်မှန်းတန်ဖိုးကျပ် (၁၁၂၄.၂၀၁) သန်းခန့်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်းများတားဆီး/ဖမ်းဆီးရမိခြင်

04/08/2017
အကောက်ခွန်ဦးစီးဌာန၏ လေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသအသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲတင်သွင်း/ တင်ပို့သောကုန်ပစ္စည်းများအားစစ်ဆေးရှာဖွေတားဆီးအရေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာမတ်လ (၉) ရက်နေ့မှ မတ်လ (၂၃) ရက်နေ့ အထိစုစုပေါင်းတားဆီး/ဖမ်းဆီးမှုမှာ (၁၈၆) မှုဖြစ်ပြီးခန့်မှန်းတန်ဖိုးမှာကျပ် (၁၁၂၄.၂၀၁) သန်းခန့်ဖြစ်ပါသည် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကုန်လှောင်ရုံတားဆီးမှု အနေဖြင့် ၁၇-၃-၂၀၁၇ ရက်နေ့တွင် Aye Yar Strength Co., Ltd မှ တင်သွင်းလာသော Safety Vests (Sample) (3) U အားဖွင့်ဖောက်စစ်ဆေးရာသက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိသဖြင့် ခန့်မှန်းတန်ဖိုးကျပ် (၁.၈၃) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။ ဆိပ်ကမ်းတားဆီးမှုအနေဖြင့် (၉) မှု ရှိ၍ ခန့်မှန်းတန်ဖိုးမှာကျပ် (၁၄၇.၆၇၃) သန်းခန့်ရှိသည့်အနက် ၁၃-၃-၂၀၁၇ ရက်နေ့တွင် AWPT ဆိပ်ကမ်း၌ Myanmar NalynCo.,Ltd မှ တင်သွင်းလာသောFootstuff (16) Items အား VPA (82) ရက်ကျော်လွန်နေသဖြင့် ခန့်မှန်းတန်ဖိုးကျပ် (၄၆.၇၅) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။ နယ်မြေဒေသများတွင် တားဆီးမှု (၁၇၆) မှု ရှိ၍ ခန့်မှန်းတန်ဖိုးမှာကျပ် (၉၇၄.၆၉၈) သန်းခန့်ရှိသည့် အနက် ၁၆-၃-၂၀၁၇ ရက်နေ့တွင် မူဆယ် မှ မန္တလေးသို့ဝင်ရောက်လာသော Nissan Diesel (၂၂) ဘီးယာဉ်အား (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာတရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် " LIUGONG " Wheel Loader (၁) စီး၊ တွင် ခုံအသေး (၁) ခု၊ Register Paper များ၊ Photo Paper များ နှင့် ပစ္စညး်သယ်ဆောင်လာသည့်ယာဉ် (၁) စီးစုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (၁၁၁.၂၅၅) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာန၏ (၁-၄-၂၀၁၆) ရက်နေ့မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိမိုဘိုင်းဖုန်း၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများတားဆီး/ဖမ်းဆီးမှုများအနေဖြင့် ရန်ကုန်လေဆိပ်၊ ဆိပ်ကမး်နှင့် နယ်မြေဒေသများမှ စုစုပေါင်းတားဆီး/ဖမ်းဆီးမှု (၆၆) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၂၀၃.၅၉၈)သန်းခန့် အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။ Safety Vests (Sample) တားဆီးမှုမှတ်တမ်းဓါတ်ပုံ Footstuffများတားဆီးမှုမှတ်တမ်းဓါတ်ပုံ " LIUGONG " Wheel Loader (၁) စီး နှင့် သယ်ဆောင်သည့်ယာဉ် တားဆီးမှုမှတ်တမ်းဓါတ်ပုံ