MACCS System အသုံးပြုနေသော Private Users များသို့ အသိပေး အကြောင်းကြားခြင်း

03/01/2018
ပြည်တွင်းအခွန်များဦးစီးဌာန၏ (၂၇.၁၂.၂၀၁၇ )ရက်စွဲ ပါစာအမှတ် (၁၂(၂)/ဥစ-၁/ပတခ/၂၀၁၇(၁၀၉၅၁) )ဖြင့်အခွန် ထမ်းကြီးများ ဆိုင်ရာ ကုမ္ပဏီ(၈၁၆)ခုနှင့် အလယ်အလတ်အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး(၁)ရှိ အခွန်ထမ်းကုမ္ပဏီ(၇၀၃)ခုတို့အား(၂.၁.၂၀၁၈)ရက်နေ့မှစတင်၍ ပို့ကုန်တင်ပို့ရာတွင် ပေးဆောင်ရမည့် ကြိုတင်ဝင်ငွေခွန်(၂%)အား ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ သို့ဖြစ်ပါ၍ MACCS စနစ်အား အသုံးပြု၍ ပို့ကုန်ကြေညာလွှာတင်သွင်းမည့် ကုမ္ပဏီ/အဖွဲ့အစည်း Agency များအနေဖြင့် အဆိုပါ ကုမ္ပဏီစာရင်းတွင် ပါဝင်ပါက ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိရန် EDA ၏ (AT Exemption) အကွက်တွင် (EXLA) အား ဖြည့်စွက်ပေးရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။