နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်း

28/09/2018

မြန်မာနိုင်ငံသည် ASEAN အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများအကြားချိတ်ဆက်အသုံးပြုမည့်အာဆီယံပြတင်းတစ်ပေါက်စနစ်(ASEAN Single Window ) သို့ ဝင်ရောက်ချိတ်ဆက်အသုံးပြုနိုင်ရေးနိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် (National Single Window) ပေါ်ပေါက်လာစေရေးအတွက်ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၉-၂၀၁၈) ရက်နေ့ နံနက် (ဝ၉:ဝဝ) နာရီအချိန်တွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပပြုလုပ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်ပေါ်ပေါက်လာရေး Blueprintရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုအဆိုပါ Hotel ၌နံနက် (၁၀:၃၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာဦးဆောင်ကော်မတီဥက္ကဌဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကမိန့်ခွန်းပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ World Bank မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး Blueprint ရေးဆွဲရေးဆိုင်ရာလုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်ရလာဒ်များအပေါ်အခြေခံ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအပြီး Blueprint အားရေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။