အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

Events

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO (Level-1) နှင့် (Level-2) အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀) နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင် ရွက်သူ AEO (Level-1) နှင့် AEO (Level-2) အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင် များ စုစုပေါင်း (၁၈၄) ဦး တက်ရောက်ခဲ့သည်။
အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က Coca Cola Pinya Beverages Myanmar Co., Ltd (Importer)၊ Paing Family International Co., Ltd (Exporter) ၊GOOD BROTHERS' Co., Ltd (Exporter)ကုမ္ပဏီတို့ကို အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO (Level-1) အသိအမှတ် ပြုလက်မှတ်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌက Wilmar Myanmar Riceland Limited (Exporter)၊ Wilmar Myanmar Edible Oils Limited (Importer)နှင့် UPG Paint & Coating Co.,Ltd (Importer) ကုမ္ပဏီတို့ကို အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO(Level-2) အသိအမှတ်ပြုလက်မှတ် ပေးအပ်သည်။