အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် သီလဝါဆိပ်ကမ်း(MITT)သို့ Auto Top Power Co.,Ltd မှ တင်သွင်းလာသော B/N: Hatchback (LHD) (BEV), Brand Name : Dongfeng Nammi 01 (Box), MODEL : 2026, C/O : CHINA 15(U) သည် ၁၅-၇-၂၀၂၆ ရက် နေ့၌လည်းကောင်း၊ GREAT SAPPHIRE CO.,LTD မှ တင်သွင်းလာသော B/N : MVP (LHD), BRAND NAME : BAW E-M7, MODEL : 2025, C/O CHINA 4(U)၊ B/N : MINI TRUCK (LHD), BRAND NAME : BAW TC101-5, MODEL : 2025, C/O CHINA 2(U) နှင့် B/N : MINI TRUCK BOX (LHD), BRAND NAME : BAW TC101-6, MODEL : 2025၊ C/O : CHINA 2(U) တို့သည် ၅-၇-၂၀၂၆ ရက်နေ့၌လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၁၅)စီးသည် ၂၄-၇-၂၀၂၆ ရက်နေ့၌လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၈)စီးသည် ၁၄-၇-၂၀၂၆ ရက်နေ့၌လည်းကောင်း သီလဝါဆိပ်ကမ်း (MITT)တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃-၈-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံ ထားရှိပါကြောင်း သတင်းရရှိပါသည်။

