လျှပ်စစ်သုံးမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် QINGDAO CRRC SIFANG ROLLING STOCK CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA –(18)U သည် ၂၁-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ C/O: CHINA – (9) Uသည် ၂၉-၈-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၈-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၂-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၄-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။