လျှပ်စစ်သုံးမော်တော်ယာဉ် နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အစိတ်အပိုင်းများ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SKD parts for LEAPMOTOR T03 EV၊ C/O: CHINA – (96) Uသည် ၃-၉-၂၀၂၅ ရက် နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း‌ (AWPT) သို့လည်းကောင်း၊ TAKHON LIN LATT CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ C/O: CHINA – (8) Uသည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) သို့ လည်းကောင်း၊ YP 7 CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ C/O: CHINA – (11) Uသည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) သို့လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ C/O: CHINA – (9) Uသည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) သို့ လည်းကောင်း၊ FARA MYANMAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ C/O: CHINA – (15)U သည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) သို့လည်းကောင်း၊ FARA MYANMAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ C/O: CHINA – (17) U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့လည်းကောင်း၊ GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA U၊ 2024 MDL၊ C/O: CHINA – (3) Uသည် ၁-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် တပ်ဆင်မည့် အစိတ်အပိုင်းများ (၉၆) ခုသည် အေးရှားဝေါလ်ဆိပ်ကမ်း‌ (AWPT) ၌ ၁၁-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၈) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၁၁) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) ၌ ၁၆-၉-၂၀၂၅ ရက်နေ့တွင်လည်း ကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) ၌ ၁၇-၉-၂၀၂၅ ရက် နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးသည် သီလဝါဆိပ်ကမ်း‌ (MITT) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးသည် သီလဝါ ဆိပ်ကမ်း‌ (MITT) ၌ ၁၃-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၉-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။