အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW WAGON၊ BRAND NAME: NETA X၊ 2025 MDL၊ MOTOR CAPACITY: 120 KW၊ BATTERY CAPACITY: 62 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (18)U သည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့လည်းကောင်း၊ MYANMAR NEW ENERGY MOTOR(MNEM) CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: DONGFENG VENUCIA (VX6)၊ 2025 MDL၊ MOTOR CAPACITY: 160 KW၊ BATTERY CAPACITY: 58 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (15)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ EARTH RENEWABLE ENERGY CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW CROSSOVER SUV (LHD)၊ BRAND NAME: BYD SONG L၊ 2025 MDL၊ MOTOR CAPACITY: 230 KW၊ BATTERY CAPACITY: 87.04 KWH၊ BATTERY TYPE: BYD BLADE BATTERY(LFP)၊ C/O: CHINA – (3)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ AUNG GYI GROUP OF COMPANIES LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: BYD JAC M3EV၊ 2025 MDL၊ MOTOR PEAK CAPACITY: 150 KW၊ MOTOR RELATED CAPACITY: 70 KW၊ BATTERY CAPACITY: 53.58 KWH၊ BATTERY TYPE: (LFP)၊ C/O: CHINA – (10)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်(၁၈)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် သီလဝါဆိပ်ကမ်း(MITT) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃)စီးသည် သီလဝါ ဆိပ်ကမ်း(MITT)၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်(၁၀)စီး သည် သီလဝါဆိပ်ကမ်း(MITT)၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၂-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။