အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA U၊ 2024 MDL၊ C/O: CHINA – (3)U သည် ၁၅-၇-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊ SUPER SEVEN STARS AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)၊ BRAND NAME: KIA EV-5၊ 2025 MDL၊ C/O: CHINA – (2)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ MYANMAR ARR THIT MAN CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW THREE WHEEL ELECTRIC MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: AIMA၊ 2024 MDL၊ MODEL: AM1200DZH-N၊ C/O: CHINA – (144)U သည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်(၃)စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၃-၈-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂)စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး(၃)ဘီးမော်တော်ဆိုင်ကယ် (၁၄၄) စီးသည် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ ၁၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ် သုံး(၃)ဘီးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၅-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။