လျှပ်စစ်သုံး (၃) ဘီးမော်တော်ဆိုင်ကယ်များ နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ MIP နှင့် AWPT သို့ရောက်ရှိ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR ARR THIT MAN MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW THREE WHEEL MOTORCYCLE WITH CHARGING ADAPTOR (BATTERY ELECTRIC VEHICLE)၊ BRAND NAME: AIMA၊ 2024 MDL၊ MODEL: AM1200DZH-N၊ MOTOR CAPACITY: 1000 W၊ BATTERY CAPACITY: 45 AH၊ BATTERY TYPE: LEAD ACID၊ SIZE: (L3045*W1170*H1340) MM၊ VEHICLE WEIGHT: 235 KG၊ AXLE: 2 AXLE, AXLE၊ CAPACITY: F:250Kpa, R250Kpa၊ TIRE SIZE: 3.75-3.5၊ C/O: CHINA – (61) U သည် ၁၆-၁၀-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) သို့ရောက်ရှိလာခဲ့ပါသည်။
UNITRUST ENTERPRISE GROUP OF CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR iCAR 03 ၊ 2025 MDL၊ MOTOR CAPACITY: FRONT 70 KW, REAR 135 KW၊ BATTERY CAPACITY: 69.77 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE BATTERY၊ C/O: CHINA – (8)U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR eQ7၊ 2025 MDL၊ MOTOR CAPACITY: 155 KW၊ BATTERY CAPACITY: 65.525 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE BATTERY၊ C/O: CHINA – (3) U တို့သည် ၁၈-၁၀-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း‌ (AWPT) သို့လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံး (၃) ဘီးမော်တော်ဆိုင်ကယ် (၆၁) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီး သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံး (၃) ဘီးမော်တော်ဆိုင်ကယ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၅-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။