အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC MOTORCYCLE WITH LI-ION BATTERY AND CHARGER ADAPTOR (BEV)၊ BRAND NAME: WUYANG HONDA၊ 2025 MDL၊ MOTOR CAPACITY: 1.2 KW၊ BATTERY CAPACITY: 30.6 AH(1468.8)WH၊ VOLTAGE: 48V၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (48)U သည် (၄-၄-၂၀၂၆)ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) သို့လည်းကောင်း၊ EV POWER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)(BEV)၊ BRAND NAME: BYD ATTO2၊ 2025 MDL၊ MOTOR CAPACITY: 130 KW၊ BATTERY CAPACITY: 45.12 KWH၊ BATTERY TYPE: BYD BLADE BATTERY(LITHIUM IRON PHOSPHATE)၊ C/O: CHINA – (11)U နှင့် BRAND NEW HATCHBACK (LHD)(BEV)၊ BRAND NAME: BYD DOLPHIN MINI၊ 2025 MDL၊ MOTOR CAPACITY: 55 KW၊ BATTERY CAPACITY: 30.08 KWH၊ BATTERY TYPE: BYD BLADE BATTERY(LITHIUM IRON PHOSPHATE)၊ C/O: CHINA – (2)U တို့သည် (၁၈-၄-၂၀၂၆)ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့ လည်းကောင်း၊ GOLDEN MAN -DALAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)(BEV)၊ BRAND NAME: BYD E2၊ 2025 MDL၊ MOTOR CAPACITY: 70 KW၊ BATTERY CAPACITY: 43.2 KWH၊ BATTERY TYPE: BYD BLADE BATTERY(LITHIUM IRON PHOSPHATE)၊ C/O: CHINA – (13)U တို့သည် (၁၈-၄-၂၀၂၆)ရက်နေ့တွင် အေးရှားဝေါလ် ဆိပ်ကမ်း(AWPT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ IMPORT DECLARATION ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ်(၂၆)စီးသည် အေးရှားဝေါလ် ဆိပ်ကမ်း(AWPT)၌ (၂၂-၄-၂၀၂၆)ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင် ကယ်(၄၈)စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌ (၈-၄-၂၀၂၆)ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး (၂၃-၄-၂၀၂၆)ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။

