အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GOLDEN MANDALAR CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW CROSSOVER SUV (LHD)(BEV)၊ BRAND NAME: BYD SONG L၊ 2025 MDL၊ C/O: CHINA – (6) U သည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် အေးရှား ဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိခဲ့ပါသည်။
EARTH RENEWABLE ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW HATCHBACK (LHD)(BEV)၊ BRAND NAME: BYD DOLPHN၊ 2025 MDL၊ C/O: CHINA – (6) U သည်လည်းကောင်း၊ BRAND NEW CROSSOVER SUV (LHD) (BEV)၊ BRAND NAME: BYD ATTO2၊ 2025 MDL၊ C/O: CHINA – (5) U သည်လည်းကောင်း ၂၁-၄-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိခဲ့ပါသည်။
PATHEIN AUTO TRADING CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MINIBUS (LHD)(BEV) ZHONGTON၊ BRAND NAME: ZHONGTON၊ 2025 MDL၊ C/O: CHINA – (1) U သည် ၂၄-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ DONGFENG MOTOR CORPORATION CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)(BEV)၊ BRAND NAME: DONGFENG BOX၊ 2026 MDL၊ C/O: CHINA – (28) U သည် ၁၄-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် သီလဝါ ဆိပ်ကမ်း (MITT) ၌ ၂၈-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၈) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၃-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၅-၂၀၂၆ ရက် နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။

