အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV POWER CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)(BEV)၊ BRAND NAME: BYD E2၊ 2025 MDL၊ C/O: CHINA – (12)U သည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက် ရှိလာခဲ့ပါသည်။
အဆိုပါ IMPORT DECLARA-TION ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၁-၅-၂၀၂၆ ရက် နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

