လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် YP7 CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAN NAME GAC BZ3X MODEL C/O CHINA (2)U သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) လည်းကောင်း၊ MYANBAKE CO.,LTD မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် B/N SMALL SUV (LHD) BRAND NAME LIVAN MODEL 2026 C/O CHINA (8) U သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) လည်းကောင်း၊ Y MOUNTAIN CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAND NAME MG S5 MODEL 2026၊ BATTERY TYPE LITHIUM IRON PHOSPHATE 6(U) သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ NS INTERNATIONAL CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAND NAME MG S5 MODEL 2026၊ BATTERY TYPE LITHIUM IRON PHOSPHATE 9(U) သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ N.P.K MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAND NAME MG S5 MODEL 2026 BATTERY TYPE LITHIUM IRON PHOSPHATE 12(U) သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၃၇) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း၌ ၂၂-၅-၂၀၂၆ ရက် နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ် ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၂၇-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။