လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PERFORMANCE AUTO CO.,LTD မှတင်သွင်းလာ သော B/N SUV (LHD) BRAND NAME CHERY (V23)MODEL 2026၊ C/O CHINA 6 (U) သည် ၂၆-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ ESSENTIAL MOTOR CO.,LTD မှတင်သွင်းလာသော B/N CROESS OVER SUV (LHD) BRAND NAME BYD SNG L MODEL 2025၊ C/O CHINA 8 (U) သည် ၂၆-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ ALPHA ALLIANCE AUTOMOBILE CO., LTD မှတင်သွင်းလာသော B/N SUV (LHD) BRAND NAME AVATR 12 MODEL 2026၊ C/O CHINA 3 (U) သည် ၂၆-၅-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ ALLIANCE AUTOMOBILE CO., LTD မှတင်သွင်းလာသော B/N SUV (LHD) BRAND NAME AVATR 11 MODEL 2026၊ C/O CHINA 4 (U) သည် ၂၆-၅-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT)သို့လည်းကောင်း၊ MIDMAY CO., LTD မှတင်သွင်းလာ သော B/N (BEV) (LHD) BRAND NAME DONGFENG NAMMI 06 MODEL 2026၊ C/O CHINA 6 (U) သည် ၁၇-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်း ကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၆) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌ ၂-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၂၁) စီးသည်အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၆-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့် ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၉-၆-၂၀၂၆ ရက်နေ့ တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။