အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် THE GREAT MERGER CO., LTD မှတင်သွင်းလာ B/N WAGON (LHD), BRAND NAME AVATR 12 (PREMIUM), MODEL 2025, MOTOR CAPACITY 425 KW, BATTERY CAPACITY 94.53 KW, BATTERY TYPE NCM, C/O CHINA 10 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ AUNG GABAR MOTOR SERVICE CO., LTD မှတင်သွင်းလာ B/N WAGON (LHD), BRAND NAME BAIC ARCFOX ALPHA T5, MODEL 2026, MOTOR CAPACITY 200 KW, C/O CHINA 9 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာပါသည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ် (၁၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၂-၆-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၇-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

