အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GOLDEN MANDALAR CO.,LTD မှတင်သွင်းလာ B/N CROSSOVER SUV (LHD), BRAND NAME BYD SONG L, MODEL 2025, MOTOR CAPACITY 230 KW, BATTERY CAPACITY 87.04 KW, BATTERY TYPE NCM, C/O CHINA 8 (U) သည် ၁၄-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့ရောက်ရှိလာပါသည်။ အဆိုပါ လျှပ်စစ်မော်တော်ယာဉ် (၈) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၇-၆-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၈-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါ ကြောင်း သတင်းရရှိပါသည်။

