လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့်လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV POWER CO.,LTD မှတင်သွင်းလာ B/N HATCH BACK (LHD), BRAND NAME BYD E2, MODEL 2025, MOTOR CAPACITY 70 KW, C/O CHINA 9 (U) သည် ၁၄-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိ ခဲ့ပါသည်။
AUNG KAN BO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTOR, BRAND NAME KENBO MODEL NO:KB1500DT-16F (25 U) 2025 MODEL သည်လည်းကောင်း၊ MODEL NO:KB1500DT-16F (228 U) 2026 MODEL သည်လည်းကောင်း၊ MODEL NO:KB1500DT-29 (44 U) 2026 MODEL သည်လည်းကောင်း၊ MODEL NO:KB1200DT-2E (195 U) 2026 MODEL C/O CHINA သည်လည်းကောင်း စုစုပေါင်း 492 (U) သည် ၁၂-၆-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာပါသည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ် (၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၇-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ်(၄၉၂) စီးသည် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) ၌ ၁၇-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၉-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှု များအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။