အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX MYANAMR CO.,LTD မှတင်သွင်းလာ B/N ELECTRIC MOTORCYCLE WITH LI-ION BATTERY AND CHARGER ADAPTER BRAND NAME : WUYANG HONDA, MODEL NO : WH1200DT-11(U-GO) MODEL 2026, MOTOR CAPACITY : 1.2 KW, C/O CHINA (48U) သည် ၁၂-၆-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း၊ ESSENTIAL MPTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N CROSSOVER (LHD), BRAND NAME : BYD SONG L MODEL 2025, MOTOR CAPACITY : 150, C/O CHINA (18U) သည် ၁၂-၆-၂၀၂၆ ရက်နေ့တွင် ရွာသာကြီးကုန်တွင်းဆိပ်ကမ်း (DRY PORT – KM) သို့ရောက်ရှိလာပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၄၈) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၁၇-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT–KM) ၌ ၂၃-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၂၃-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ထုတ်ပေးခဲ့ ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်း ရရှိပါသည်။

