အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် DONGFENG MOTOR CORPRATION CO.,LTD မှတင်သွင်းလာ B/N : Hatchback (LHD), Brand Name : Dongfeng Box, MODEL : 2026၊ C/O : CHINA 4(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ MMM PLUS CO.,LTD မှတင်သွင်းလာ B/N : WAGON (LHD), BRAND NAME : SKYWORTH K 430, MODEL : 2025၊ C/O : CHINA 15(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ CHINA AUTO GROUP CO.,LTD မှတင်သွင်းလာ B/N : SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL : 2026၊ C/O : CHINA 6(U) သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်းအသီးသီး ရောက်ရှိလာကြပါသည်။
NS INTERNATIONAL CO.,LTD မှတင်သွင်းလာ B/N : SEDAN (LHD), BRAND NAME : MG ROEWE E6, MODEL : 2026၊ C/O : CHINA 33(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့လည်းကောင်း ၊ Y MOUNTAIN CO.,LTD မှ တင်သွင်းလာ B/N : SEDAN (LHD), BRAND NAME : MG ROEWE E6 ,MODEL : 2026၊ C/O : CHINA 33(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့လည်းကောင်း၊ QINGADO CRRC SIFANG ROLLING STOCK CO.,LTD မှတင်သွင်းလာ B/N : SUV (LHD), BRAND NAME : DONGFENG VENUCIA VX6 510, MODEL 2026၊ C/O : CHINA 6(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့လည်းကောင်း၊ AUNG KAN BO MOTORCYCLE INDUSTRIAL CO.,LTD မှတင်သွင်းလာ B/N : NEW ELECTRIC MOTORCYCLE WITH CHARGING ADAPTOR(BEV), BRAND NAME : KENBO, MODEL : 2026၊ C/O : CHINA 241(U)သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့လည်းကောင်းအသီးသီးရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၄)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၅)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၁-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ်(၆)စီးသည် သီလဝါဆိပ်ကမ်း (MITT)၌ ၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၆၆)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) ၌ ၁-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ် မော်တော်ယာဉ် (၆)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)၌ ၇-၇-၂၀၂၆ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် (၂၄၁)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့်ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ ပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၈-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါ ကြောင်းသတင်းရရှိပါသည်။

